သတင်းများ

မင်းပြားမြို့၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် Mask Campaign ပြုလုပ်
Aug 14,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၊ ကားဂိတ်နှင့် မြို့ဝင်/ မြို့ ထွက်နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့သော အောက်ဆီဂျင်အိုး၊ စက်နှင့်ဆက်စပ်ပစ္စည်းများ ရောက်ရှိ
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် အောက်ဆီဂျင်လိုအပ်နေသော ပြည်သူများအတွက် အသုံးပြုနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အောက်ဆီဂျင်အိုး၊ စက်နှင့် ဆက်စပ်ပစ္စည်းများ ယနေ့နံနက် က ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် တာဝန်ရှိသူများသည် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ တာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။
မာန်အောင်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်
Aug 14,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့်ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်​နှိုးဆော်ခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှယနေ့မွန်းလွဲ ၁ နာရီကပြည်သူများထံအသိပေး နှိုးဆော်ခဲ့ ကြောင်းသိရသည်။ 
ကျောက်ပန်းတောင်းမြို့ သုဂတိရှင်နာရေးကူညီမှုအသင်း အောင်ဆီဂျင်စက်လည်ပတ်နေမှုအား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ ကြည့်ရှုအားပေး၍ အလှူငွေကျပ်သိန်း(၅၀၀)ပေးအပ်လှူဒါန်း
Aug 14,2021
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးသည် နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်နှင့် ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး တို့လိုက်ပါ၍ ယနေ့နံနက်၇နာရီခွဲက ကျောက်ပန်းတောင်း မြို့ သုဂတိရှင်နာရေးကူညီမှုအသင်းရုံးသို့ရောက်ရှိပြီး၊ အသင်းရုံးအစီအစဉ်ဖြင့် ဝယ်ယူဆောင်ရွက်နေသည့် အောက်ဆီဂျင်စက်လည်ပတ် ထုတ်လုပ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ၊ အောက်ဆီဂျင် စက်အတွက် အလှူငွေ ကျပ်သိန်း(၅၀၀)ပေး အပ်လှူဒါန်းရာ အသင်းတာဝန်ရှိသူများက လက်ခံရယူခဲ့ ကြသည်။
မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ Volunteer များအား ကျန်းမာရေးအာမခံစာချုပ်နှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်
Aug 14,2021
မကွေးတိုင်းဒေသကြီး Coronavirus Disease-2019 (ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ Volunteer များအား ကျန်းမာရေး အာမခံ စာချုပ်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ(၃)နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးမြို့တွင် နိုင်ငံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေး
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် နိုင်ငံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို စုပေါင်းရုံး (OSS)၌ မြို့နယ် ကျန်းမာရေး၏ ကာကွယ်ဆေးထိုးအဖွဲ့မှ လူပေါင်း(၂၉၅)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်မြေနိမ့်ပိုင်းရပ်ကွက်များတွင် ချောင်းရေများဝင်ရောက်
Aug 14,2021
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ညနေပိုင်းက ဥရုချောင်းရေမြင့်တတ်လာခဲ့သဖြင့် ဖားကန့်မြို့ပေါ်ရှိ မြေနိမ့်ပိုင်း ရပ်ကွက် များ အတွင်း ချောင်းရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။