စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြင်းမူ၊ မြောင်မြို့နယ်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများ ကြည့်ရှုအားပေး

စစ်ကိုင်း ဩဂုတ် ၁၄

စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်း က မြင်းမူမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များက မိမိတို့မြို့နယ်ဒေသအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်တင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြင်းမူမြို့၊ အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာကျောင်းများနှင့် မိုးလုံလေလုံအားကစား ခန်းမအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေသူ ပြည်သူများအား ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြောင်မြို့နယ်သို့သွားရောက်၍ မြို့တော်ခန်းမအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေသူ ပြည်သူများအား ကြည့်ရှူ့အား ပေးခဲ့ပြီး လိုအပ်သည့်စီမံဆောင်ရွက်မှုများ ဖြည့်ဆည်းပေးကာ ထီးလှိုင်ရှင်ခန်းမအတွင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ၊ အခွန်အခရရှိရေးလုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ ပန်ခင်းစီမံချက်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇင်ထွန်းနှင့်အဖွဲ့ဝင်များက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်