ချင်းပြည်နယ်အစီအစဉ်ဖြင့် ဟားခါးမြို့ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောက်လုပ်မည့် အောက်ဆီဂျင်စက်ရုံအတွက် မြေနေရာပြုပြင်ခြင်း စတင်ဆောင်ရွက်

ဟားခါး သြဂုတ် ၁၄

ချင်းပြည်နယ်အစီအစဉ်ဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောက်လုပ်မည့် အောက်ဆီဂျင် စက်ရုံအတွက် မြေနေရာပြုပြင်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံကို ( ၃၀×၆၀×၁၅ ) ပေ RC အဆောက်အအုံဖြင့် ဆောက်လုပ်သွားမည် ဖြစ်ပြီး ၎င်းစက်ရုံ ဆောက်လုပ်ပြီးစီးပါက အောက်ဆီဂျင် လီတာ ၄၀ ဆံ့ အလုံး (၂၀၀) ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ အလားတူ မတူပီမြို့တွင်လည်း အောက်ဆီဂျင်စက်‌ရုံ တည်ဆောက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မောင်တက်လမ်း