ငပလီမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့်လှည့်လည်ကြေညာ

ငပလီ    ဩဂုတ်   ၁၃

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် ညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့်လှည့်လည်ကြေညာခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ငပလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဩဂုတ်လ (၁၃)ရက်နေ့ ညနေ (၅:၃၀) နာရီအချိန်က လှည့်လည်၍ ပြည်သူများထံ အသိပေး လှုံ့ဆော် လျက်ရှိကြောင်းသိရသည်။

ထိုသို့ အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆာင်ရွက်လျက်ရှိ ယခုအချိန်ခါ တွင် ငပလီမြို့တို့တွင် ကိုဗစ်-၁၉ ရာဂါပိုးတွေ့သူ နေစဉ်နှင့်အမျှ များပြားနေမှုနှင့် သေဆုံးမှုများ ရှိနေသည့်အတွက် ငပလီမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ အမိန့်ညွှန်ကြား ချက်များနှင့်အညီနေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း  (Mask) နှင့်မျက်နှာကာ Face Shield ကို စနစ်တကျ တပ်ဆင်သွားကြရန် ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင် သမျှ အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြရန် ၊ Mask မတပ်သူများနှင့်တွေ့ဆုံခြင်း ၊ လက်ကို ဆေးကြောခြင်းမပြုမီ ပါးစပ်၊  နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း ၊ ထိတွေ့ခြင်း မပြုလုပ်ရန် ၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင် ဆေးကြောရန် ၊ အပြင်ထွက်ရာမှ ပြန်လာ တိုင်းပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို စနစ်တကျစွန့်ပစ်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်းအဝတ်အစား မလဲမီ၊ ကိုယ်လက် သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့်အနီးကပ် မထိတွေ့ကြရန်နှင့် သက်ကြီး ရွယ်အိုများ ၊  ဆီးချို ၊ သွေးတိုးရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ရှားရန် ၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရန် ၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ပြီး လေဝင် လေထွက်ရှိအောင်ဆောင်ရွက်ရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ လာရောက်ဆေးကုသ မှုခံယူရန် ၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မိဘပြည်သူလူထုများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် နှင့်ပြည်သူများသို့ ညွှန့်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ငပလီ ၊ ပြန်/ဆက်