သတင်းများ

ပွင့်ဖြူမြို့နယ်၌ Stay at Home စည်းကမ်းချက်မလိုက်နာသော ပြည်သူများအား စစ်ဆေးအရေးယူ
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားသည့်ကာလ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့အဝင် ပြည်လုံးချမ်းသာ ဘုရားအနီးတွင် စုရပ်ပြုလုပ်၍ Stay at Home စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာခြင်းမရှိသော ပြည်သူများကို ကြပ်မတ်စစ်ဆေး အရေးယူခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍  ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်အသိပေးနှိုးဆော်
Aug 14,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့်မြေပုံမြို့နယ်များအတွင်းရှိ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် ခရိုင်အတွင်းရှိ မြို့နယ်များတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး  ယနေ့နံနက် ၁၀ နာရီက  ပြည်သူများသိရှိလိုက်နာနိုင်ရန်နှင့်ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာအသိပေးချက်များအား မြို့တွင်း အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်း၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Aug 14,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြပ်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ဆရာတော် သံဃာများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ အခြားအသင်းအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နေ့လည် ၁၂ နာရီအချိန် က ပင်လည်ဘူးမြို့ အ-ထ-က ဦးအောင်မြတ် ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျုံပျော်မြို့၊ တေဇရပ်ကွက်တွင် ချို့တဲ့အိမ်ထောင်စု (၂၅၀) ကို ဆန်များထောက်ပံ့ပေးအပ်,
Aug 14,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်ရှိ ချို့တဲ့အိမ်ထောင်စု (၂၅၀)ထံ သို့ ဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို တေဇရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ်၁၄ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ လှူဒါန်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ပြီး တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်နှုန်းဖြင့် အိမ်ထောင်စု(၂၅၀)ထံသို့ ဆန်(၇၅၀)ပြည်အား အသီးသီးပေးအပ်လှူဒါန်း ခဲ့‌ကြောင်း သိရသည်။
မုဒုံမြို့နယ် ကမာဝက်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် အဆောက်အဦ အုတ်မြစ်ချ မင်္ဂလာ အခမ်းအနားကျင်းပ
Aug 14,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် အတွက် အဆောက်အဦ အုတ်မြစ်ချ မင်္ဂလာ အခမ်းအနားကို    သြဂုတ်လ (၁၃) ရက်နေ့ နံနက် ( ၁၀)နာရီက  ကမာဝက်မြို့ တိုက်နယ်ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့ မြို့မရပ်ကွက်ရှိ အိမ်ထောင်စု(၂၇၀)စုအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်း
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မရပ်ကွက်ရှိ အိမ်ထောင်စု (၂၇၀)စုတို့အား ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်း က မြို့မရပ်ကွက် အုပ်ချုပ်ရေးရုံးရှေ့တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးသီးနှံဧကများအတွက် ဆဋ္ဌမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက်မြို့နယ် အတွင်းရှိ ၂၀၂၀ ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ နွားစာပြောင်းများအနက် မိုးနှမ်း (၁၀၀၂၀.၂၈) ဧကနှင့် မြေပဲ (၇၂.၂၁)ဧက၊ စုစုပေါင်းဧက (၂၂၀၀၄.၅၅) ဧကအတွက် တောင်သူဦးရေ (၅၉၁၁)ဦးအား ဆဌမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နေ့လည် (၁)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။