သတင်းများ

ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်းလျော့ချနိုင်ရန်၊ ရောဂါပြန့်ပွားမှုအား ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်အတွက် တတိယအသုတ်ရရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်င်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ထိုးနှံပေးခြင်းကို ယနေ့နက် ၉နာရီအချိန်က စတင်၍ သတ်မှတ်စုရပ်နေရာများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး ကွင်းဆင်းစစ်ဆေး
Aug 14,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအတွက် မြို့နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ယနေ့နံနက် ၉ နာရီက ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာ စာသင်ကျောင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအား ဆန်၊ ဆီ ရိက္ခာများနှင့် ပစ္စည်းများသွားရောက်ထောက်ပံ့
Aug 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ နမ့်စော့ကျေးရွာ စာသင်ကျောင်း၌ လာရောက်ခိုလှုံနေသည့် တိုက်ပွဲရှောင်ပြည်သူ ၁၀၀ ဦးခန့်အား ကျောက်မဲ မြို့နယ် တိုက်ပွဲရှောင် ကော်မတီမှ ယနေ့နံနက် ၉ နာရီ အချိန်က ဆန်၊ ဆီ ရိက္ခာများနှင့် ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကျေးရွာနေပြည်သူများ Stay at Home စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာစေရေး အသံချဲ့စက်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ Stay at Home ကာလ သတ်မှတ်ထားသည့် စည်းကမ်းချက် များအတိုင်း သိရှိလိုက်နာနေထိုင်သွားလာနိုင်စေရန်အတွက် ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းတို့ ပူးပေါင်းအဖွဲ့က ကျေးရွာနေ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် အသံချဲ့စက်ယာဉ်ဖြင့် အသိပေး နှိုးဆော်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့ အခွန်လွတ်ဈေး ဖွင့်လှစ်နေမှုနှင့် ကန်သာယာ၊ သာယာလှပရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Aug 14,2021
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ (၁၂) ရက်နေ့ နံနက်(၇)နာရီခန့်က ဘားအံမြို့၊ ကန်သာယာ တွင် အခွန်လွတ်ဈေး ဖွင့်လှစ်ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး ဝယ်ယူအားပေးကာ ဈေးရောင်းနေသူ များအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
တကောင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်များထောက်ပံ့လှူဒါန်း
Aug 14,2021
တကောင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စုများအား ဆန်များထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့ပေါ်ရှိ အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များ၌ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ရေးမြို့နယ် ကိုရင်လေးဆရာတော် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုများ ဆောင်ရွက်
Aug 14,2021
မွန်ပြည်နယ်၊ ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု ပုဖ္ပရမ္မကျေးရွာတွင် ဖွင့်လှစ်ထားသည့် ကိုရင်လေးဆရာတော် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းမှ အမှတ်(၁)အထကကျောင်းတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး စောင့်ရှောက်ပေးမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။