ရမ်းဗြဲမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်နိုင်ရေးအတွက် ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများနှင့် စားသောက်ကုန်များကို We Love Rakhine အဖွဲ့မှ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်းသိရ

ရမ်းဗြဲ ဩဂုတ် ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊  ရမ်းဗြဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီးကာကွယ်နိုင်ရေးအတွက် ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများနှင့်  စားသောက်ကုန်များကို We Love Rakhine အဖွဲ့မှ ရမ်းဗြဲမြို့နယ်အတွင်း လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့လှူဒါန်းမှုနှင့်အတူ ရမ်းဗြဲမြို့ပေါ်ရှိ လူသွားလူလာများသောနေရာ လမ်းဆုံလမ်းခွနေရာ (၃)ခုတွင် “ကိုဗစ်ကပ်ရောဂါကာကွယ်ပါ၊ ရောဂါမကူးဖို့ အိမ်မှာနေကြစို့ စာတမ်းပါ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်းဘုတ်များလည်း စိုက်ထူပေးထားပြီးဖြစ်ကြောင်း သိရသည်။  ၎င်းနောက်  ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း ရမ်းဗြဲမြို့နယ်၌ အသွားအလာများ ကန့်သတ်ထားရှိမှုကြောင့် အခြေခံလူတန်းစားများ အခက်အခဲမဖြစ်ပေါ်စေရေးအတွက် တန်ဖိုးငွေ ၁၂၀၀၀ ကျပ်၊ တန်းဖိုးနှင့်ညီမျှသော ဆန်၊ ဆီ၊ ပဲ၊ ငရုတ် ဖြစ်သည့် စားသောက်ကုန်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခက်အခဲများနဲ့ ကြုံတွေ့နေရသည့် အခြေခံလူတန်းစား အိမ်ခြေ (၁၂၅) အိမ်အတွက် ဒါန်းပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ဆက်လက်ပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများဖြစ်ကြသော   3 Layer  Mask   (၁၀၀၀၀)ခု၊ We Love Rakhine တံဆိပ်ပါ Mask (၂၀၀)ခု၊ Face Shield (၅၀၀) ခု၊  We love Rakhine တီရှပ်(၁၅)ထည်၊ လက်အိတ် (၂၀၀) ခု၊  KN  95 Mask (၈၀)ခု၊  Goggle Glass (PPE  မျက်မှန်) ၄ - ခု၊  Dead Body အိတ် (၃၀) ခု၊  PPE ဝတ်စုံ (၃၀)ခု၊ Dettol ပိုးသတ်ဆေးရည် (၁၀) ပုလင်းနှင့် Hand Gel  (၁၀၀) ပုလင်းတို့မှာရောက်ရှိနေပြီး ဖြစ်ပါသည်။ သို့ပါ၍  ရမ်းဗြဲမြို့နယ်အတွင်း အမှန်တကယ်လိုအပ်လျက်ရှိနေသော ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်လှူဒါန်းပေးမည်ဖြစ်ကြောင်းကို We Love Rakhine အဖွဲ့မှ EC တစ်ဦးဖြစ်သူ  ဦးကျော်ကျော်နိုင်၏ ပြောကြားချက်အရ သိရသည်။

အောင်နိုင် (ပြန်/ဆက်)