မုံရွာ ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ဩဂုတ်(၁၃)ရက်၊ နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ကနီမြို့ပေါ်ရှိ ရဟန်း၊ သံဃာ၊ သီလရှင်များနှင့် ဝန်ထမ်းများ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးနေမှု လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကနီမြို့ နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံပွဲနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရပ်ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် မြို့ရွာသန့်ရှင်းသာယာလှပရေးနှင့် လတ်တလောဖြစ်ပွားနေ ဆဲဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက် နေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု၊ ကာကွယ်ဆေးထိုးနှံပေးနေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီးအဆင့် ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ရှင်းလင်းတင်ပြကြသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မြို့နယ်အတွင်း ယခုနှစ်တွင် ယခင် နှစ်ထက် မိုးရွာရက်နှင့်မိုးရေချိန်ပိုမိုရရှိပါကြောင်း စိုက်ပျိုးရန်လျာထားသည့် သီးနှံအလိုက် စိုက်ဧက များကို အချိန်မီ ပြည့်ဝစွာ စိုက်ပျိုးရန်လိုအပ်ပါကြောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရာတွင် ဦးစားပေး အုပ်စုနှင့် ဦးစားပေး အလိုက်ထိုးနှံမှုများတွင် ကျန်ရှိမှုမရှိစေရေးလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်မှု များတွင် တပ်မတော်၊ မြန်မာနိင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများ ပြည်သူများကပါ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ မိမိတို့မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားခနှင့် ရသင့်သည့်အခွန်အခများ အပြည့်အဝရရှိရေး လုပ်ငန်းများကိုလည်း လိုအပ်ပါကြောင်းလည်း ပြောကြားကာ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကနီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် လုံခြုံရေးအဖွဲ့ များသို့ အောက်ဆီဂျင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် လှူဒါန်းငွေများအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြသည်။
ကနီမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေး အသင်းအဖွဲ့ များသို့ အောက်ဆီဂျင်(၄၀)လီတာ(၁၀)လုံး၊ အောက်ဆီဂျင် Concentrater(၅)လုံး၊ Mask (၅၀၀၀)ခု၊ PPE ဝတ်စုံ (၂၀၀)စုံ၊ လက်သန့်ဆေးရည်(၂၀)ဖာ၊ Mask-95 (၁)ဖာ၊ Face Shield(၁)ဖာ၊ PPE မျက်မှန်(၁)ဖာ၊ Flow Meter(၁၀)ခု၊ ကော်ဖီမစ်၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များနှင့် အလှူငွေ(၁၅)သိန်း တို့အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး ပြန်/ဆက်