မြောက်ဦး ဩဂုတ် ၁၅
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့နယ်တွင် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ပါးစပ်နှင့်နှာခေါင်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ လမ်းဆုံ/လမ်းခွများ၊ လူစည်ကားရာနေရာများရှိ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များအား အခမဲ့ဖြန့်ဝေဆောင်ရွက်ရာတွင် မြောက်ဦး မြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အဓိကလိုက်နာရမည့်အချက်များအား အလေးထားလိုက်နာကြရန်၊ မိဘပြည်သူများ အနေဖြင့် အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်စေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီးနောက် ဈေးရောင်းဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာများ၊ အငှားယာဉ် မောင်းနှင်သူများနှင့်ခရီးသွားပြည်သူများကို နှာခေါင်းစည်းများ တတ်ဆင်သွားလာစေခြင်း၊ နှာခေါင်းစည်း(Mask) မပါရှိသူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း