ပင်လည်ဘူးမြို့နယ်အတွင်းရှိ ၆၅ နှစ်နှင့်အထက်နှင့် ဦးတည်လူဦးရေ (၄၈၇၆)ဦးနှင့် တတိယအကြိမ် ဒုတိယအသုတ် နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု(၁၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အောင်မြင်စွာထိုးနှံပြီးစီး

                                                                                

ပင်လည်ဘူး ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၆၅)နှစ်နှင့်အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ဦးတည်အုပ်စုခွဲပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၁၆ ရက်နေ့က လူဦးရေ  (၄၈၇၆) ဦးအား အောင်မြင်စွာ ထိုးနှံပြီးစီးပြီဖြစ်ကြောင်း နှင့် တတိယအသုတ် ဒုတိယအကြိမ် နိုင်ငံ့ဝန်ထမ်းနှင့်  ဝန်ထမ်းမိသားစု (၁၀၀) ဦးတို့ကိုလည်း  အထက-ပင်လည်ဘူး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပင်လည်ဘူးမြို့အတွက်  ကိုဗစ် ၁၉ ကာကွယ်ဆေး Sinopharm ဆေးအလုံးပေါင်း (၁၇၅၀)ကို ပထမ အကြိမ်နှင့် (၆၈၈) လုံးကို ဒုတိယအကြိမ်လက်ခံရရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ (၃) ရက်နေ့ (၄) ရက်နေ့၊ (၆) ရက်နေ့၊(၇)ရက်နေ့၊ (၈) ရက်နေ့ (၉) ရက်နေ့ ၊(၁၄)ရက်နေ့ (၁၅) ရက်နေ့ (၁၆)ရက်နေ့  တို့တွင် အထက-ပင်လည်ဘူး  ဦးအောင်မြတ်ခန်းမတွင်လည်းကောင်း၊ အထက-မြေလင်း၌လည်းကောင်း၊အထက- ခေါက်စင်း (အထက-မိချောင်းအင်း အစားထိုး) ၊  အထက-မံစီလေး၌လည်းကောင်း စုရပ် (၄) နေရာပြုလုပ်၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဦးတည်အုပ်စုများဖြစ်သည့်  အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ၊ သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ၊ အကျဉ်း/အချုပ်သားမျာ၊ပရဟိတလူမှုရေး အသင်းသူ /အသင်းသားများ၊ ပုဂ္ဂလိက ပို့ဆောင်ရေး အသင်းသူ /အသင်းသားများ၊ ၊ အခြားပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများ ဈေးသူဈေးသားများ စုစုပေါင်း(၄၈၇၆)ဦးနှင့် တတိယအသုတ် ဒုတိယအကြိမ် နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု (၁၀၀)ဦး အား အောင်မြင်စွာထိုးနှံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

အေးဝင်းခိုင်