မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့မြို့နယ် ဓမ္မရံသီကျောင်းတိုက်အဓိပတိနာယကချုပ်ဆရာတော် ဦးသုနန္ဒမှ ငွေကျပ်သိန်း(၅၀)လှူဒါန်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၈နာရီအချိန်က လေသာကျောင်းတိုက်၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး အောက်ဆီဂျင် စက်ရုံတည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့မြို့နယ် ဓမ္မရံသီနာယက ချုပ်ဆရာတော် ဦးသုနန္ဒ၏ ဆွေမျိုးသားချင်းများဖြစ်သော ထောက်ရှာတန်းကျေးရွာနေအလှူရှင်များမှ ငွေကျပ်သိန်း(၅၀)ကို ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က လက်ခံရယူခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဉီးပညာဇောတ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ ကျေးဇူးတင်စကားများပြောကြားပြီး ဆရာတော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။