ပုဏ္ဏားကျွန်း ဩဂုတ် ၁၆ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ ကျေးရွာများသို့ ယမန်နေ့က ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ နှာခေါင်းစည်းMask (၂၅၀၀၀)ခုကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ထိုသို့လှူဒါန်းရာတွင် မလေးရှားနိုင်ငံရောက် တောဖျားဒေသမှ ခမီလူငယ်များ၏ လှူဒါန်းငွေဖြင့် တောဖျားဒေသအခြေစိုက် ပိုးရွှီပြင်မဟာမိတ် လူမူကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ကျော် ဦးဆောင်၍ သက္ကျိုင်းတောင်ကျေးရွာအုပ်စု၊ သြရမကျေးရွာအုပ်စု၊ ခွေးသီကျေးရွာအုပ်စု၊ အထက် သင်းပုန်းတန်းကျေးရွာ အုပ်စုများရှိ ကျေးရွာများသို့ Mask (၂၅၀၀၀)ခု၊ သွားရောက်လှူဒါန်း ပေးခဲ့သည်။ ဆက်လက်၍ တောဖျားချောင်းဒေသရှိ ခွေးသီကျေးရွာ၊ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းသို့ အိမ်ထောင်စု(၁၃)စု အတွက် စားနပ်ရိက္ခာနှင့်ထောက်ပံ့ငွေ (၁၃၀၀၀၀)ကျပ်အား သွားရောက် လှူဒါန်းပေးခဲ့ကြောင်း တောဖျားဒေသ အခြေစိုက် ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌ ကိုအောင်ကျော်ထံမှသိရသည်။ နီထွန်းအောင်