သတင်းများ

ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ (၅၀၉,၁၀၀,၀၀၀)ကျပ် ထုတ်ပေးပြီးစီး
Jun 12,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၉) ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ဇွန်(၁၂)ရက်နေ့အထိ ကျေးရွာ (၁၅)ရွာမှ တောင်သူ (၅၂၅)ဦး၏ စိုက်ဧက (၃၃၉၄)ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ (၅၀၉,၁၀၀,၀၀၀)ကျပ် ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၉)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်
Jun 12,2025
ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးဆန်းအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက် လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ကိုကိုးကျွန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်၌ ကိုကိုးကျွန်းမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community-Centreခန်းမတွင် ပြုလုပ် ကျင်းပခဲ့သည်။
ကမာရွတ်မြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကွင်းဆင်း ဆောင်ရွက်‌ခြင်းကို ယမန့်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Pfizer comirnart JN1 COVID 19)  ဆက်လက်ထိုးနှံပေး
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်ခရိုင်၊လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer comirnart JN1 COVID 19)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မရမ်းကုန်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲဖြေဆိုသူ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ကလေးဝတောရကျောင်းတွင် ကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲအား ဇွန်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
လသာမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာ​ပေး ​ဗွီနှိုင်းချိတ်ဆွဲထားမှုအား ကွင်းဆင်းစစ်​ဆေး
Jun 12,2025
ရန်ကုန်တိုင်း​ဒေသကြီး၊ လသာမြို့နယ်၌ ​ပြေစာအမှတ်တံဆိပ်ကပ်နှိပ်​ရောင်းချရ​သော ဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာ​ပေး​ကြေညာချက်နှင့် ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပညာ​ပေး​ဗွီနှိုင်းချိတ်ဆွဲခြင်းကို ဇွန်လ ၁၀ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။