သတင်းများ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပလတ်စတစ် ညစ်ညမ်းမှုလျှော့ချရေး လှုပ်ရှားမှု Campaign ပြုလုပ်
May 25,2026
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးလှုပ်ရှားမှု Campaign ကို မေလ ၂၅ ရက်နေ့ နံနက် ၇ နာရီခွဲက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း ၈၆လမ်းရှိ ညောင်ပင်ဈေးတွင် ဆောင်ရွက်ကြသည်။
ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသ​​င်နှစ် ကျောင်းအပ်နှံခြင်း စတင်ဆောင်ရွက်
May 25,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် ယနေ့ မေလ ၂၅ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။
သာစည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 25,2026
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌  ကျင်းပပြုလုပ်ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 25,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က သရက်ချောင်းမြို့၊အခြေခံပညာ (အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပသည်။
ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိ
May 25,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ အားလုံးကို ဇွန်လ ၁ ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၅ ရက်နေ့ နံနက်ပိုင်း၌ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် စတင်ဆောင်ရွက်ပေးလျက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက/ကိုယ်ပိုင်ကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံခြင်းများကို စတင် ဆောင်ရွက်ပေးနေပြီ‌ဖြစ်‌ကြောင်း သိရသည်။
ငါန်းဇွန်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 25,2026
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပသည်။
‎မဟာအောင်မြေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် (abate) ဆေးခပ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
May 25,2026
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဟေမမာလာမြောက်ရပ်ကွက်၌ ကွင်းဆင်းဆောင်ပေးလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့နယ် အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေး
May 25,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများကို မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌   ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက် မေ(၂၅)ရက်မှ စတင်ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ ကလေးငယ်များအား ကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိကြသည်။