ဒဂုံတောင် မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅၇)ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စု(၃)စုအား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၇)ရပ်ကွက်တွင် ပြုလုပ် ကြောင်း သိရသည်။
အဆိုပါမီးဘေးသင့်အိမ်ထောင်စု(၃)စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီထောက်ပံ့သော Family Kit (မိသားစုသုံးပစ္စည်းများ)၊ Popular ပလပ်စတစ်စက်ရုံးမှ အိမ်ထောင်စု(၁)စုလျှင် ရေတိုင်ကီကော်ပုံး(၂)ပုံး၊ ကော်ရေခွက်(၄)ခွက်၊ အင်္ကျီချိတ်(၆)ဒါဇင်၊ ပစ္စည်းထည့်ကော်သေတ္တာ(၄)ပုံးနှင့် အလှူရှင်များစုပေါင်းလှူဒါန်းသော ငွေသား ကျပ်တစ်ရာ့ရှစ်သိန်းကိုးသောင်းကိုးထောင်ကို အိမ်ထောင်စု(၃)စုအား ပြည်သူ့လွှတ်တော်ကို ယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံပေးအပ်ကြကြောင်း သိရသည်။
နေမျိုးအောင်