သာယာဝတီမြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးအသိပညာပေးနှိုးဆော်

သာယာဝတီ မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်နှိုးဆော်ချက်" နိုင်ငံတော် စဥ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လိုက်လံနှိုးဆော်ခဲ့သည်။

အသိပညာပေးနှိုးဆော်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)