ရန်ကုန် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ကမ္ဘာအေးကုန်းမြေရှိ သုံးထပ်ဆွမ်းစားဆောင်တွင် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒအား ဦးထိပ်ထား၍ ၂၀၂၆ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပုစ္ဆကဆရာတော်များနှင့် စာစစ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒအား ဦးထိပ်ထား၍ ၂၀၂၆ ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပုစ္ဆကဆရာတော်များနှင့် စာစစ်ဆရာတော် (၂၉၉) ပါးတို့အား ဖူးမြော်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများကိုလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)