သတင်းများ

မုံရွာမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်း ပေါင်း (၁၀၁)ကျောင်း တွင် စတင်လက်ခံအပ်နှံ
May 26,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ၂၀၂၆-ခုနှစ် မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် နိုင်ငံတော်အစိုးရဝန်ကြီးဌာနက ကြေညာထားရှိပြီးဖြစ်ရာမုံရွာမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများ‌ရှိ အခြေခံပညာကျောင်းပေါင်း (၁၀၁) ကျောင်း‌တွင် ယမန်နေ့ နံနက် (၈) နာရီမှစတင်၍ ကျောင်းလက်ခံအပ်နှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝိုင်းမော်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (PUBLIC TALK) ကျင်းပ
May 26,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနား‌‌ကျေးရွာ ရွှေနဒီခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (PUBLIC TALK) ကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံခြင်းစတင်လက်ခံ
May 26,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လျက်ခံရှိသည်။
ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးအဆင့်မြှင့်ကျောင်း တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
May 26,2026
ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးအဆင့်မြှင့်ကျောင်း တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်းဘူးမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုဆိုင်းဘုတ် စိုက်ထူ
May 26,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုဆိုင်းဘုတ် စိုက်ထူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ခရိုင်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တမူးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းစတင်လက်ခံ
May 26,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူနိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင်လည်း မေလ ၂၅ ရက်နံနက် ၈ နာရီမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၊ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများကို တပြိုင်တည်း ကျောင်းအပ်နှံရေး စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်‌ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
May 26,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မူလတန်းအဆင့် ဆရာ၊ ဆရာမများအား ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆရာဖြစ် (မြို့နယ်အဆင့် ဆင့်ပွား)သင်တန်းဆင်းပွဲကို မေလ ၂၄ ရက် မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားသို့တက်ရောက်
May 26,2026
ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံမှုအဖွဲ့ကကြီးမှူး၍ ပြည်နယ်အတွင်းသဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်သဘောဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှုနှင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မနောကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။