ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာတွင် RS to CS မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းစုပေါင်းစိုက်ပျိုးပွဲအခမ်းအနားကျင်းပ
Jul 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် စပါးမျိုးကောင်းမျိုးသန့်ပြောင်းလဲစိုက်ပျိုးရေး စီမံချက် RStoCS မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သက္ကာယ်ချောင်းကျေးရွာ ကွင်းအမှတ် ၁၃၆၆(ခ)၊ ဦးပိုင်အမှတ် ၃၁/၂ တောင်သူဦးအေးငွေ၏ လယ်မြေ(၈)ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပေါ်ဆန်းရင် မျိုးစပါးအားကြိုးတန်းစနစ်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။