စမ်းချောင်းမြို့နယ်တွင် ရပ်ကွက်‌‌အေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေးအသိပညာပေးဟောပြောပွဲကျင်းပ

စမ်းချောင်း မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊အလုံခရိုင်၊စမ်းချောင်းမြို့နယ်တွင် ရပ်ကွက်‌‌အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို  ယနေ့နံနက်(၁၁)နာရီက ကျွန်းတောလမ်း ကျွန်းတော(ဓမ္မာရုံ)၌  ကျင်းပ‌ဆောင်ရွက်သည်။

ထိုသို့‌ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့၀င်များ မြို့နယရဲတပ်ဖွဲ့မှူး ရဲမှူး၀င်းနိုင်နှင့်အဖွဲ့၀င်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ရက်(၁၀၀)စီမံချက်ဖြင့် ကျွန်းတော(တောင်)ရပ်ကွက် ကျွန်းတောလမ်း ကျွန်းတော (ဓမ္မာရုံ)၌  ရပ်ကွက်အတွင်းရှိ ပြည်သူများအားတွေ့ဆုံ၍ ရပ်ကွက်အေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ မှုခင်းကျဆင်း‌ရေးတို့ကို ဟောပြောဆွေးနွေးပြီး၊ မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။  

ဖြူသွယ်ထွန်း (ပြန်/ဆက်)