ဘီးလင်း မေ ၂၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ ဇုတ်သုတ်တိုက်နယ် ပြည်သူ့ဆေးရုံ၌ မွန်ပြည်နယ် ကုသရေးဦးစီးဌာနနှင့် သထုံခရိုင်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဘီးလင်းမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မွန်ပြည်နယ်ကုသရေးဦးစီးဌာနမှ ဒေါက်တာဝါဝါယဥ် ဒုတိယညွှန်ကြားရေးမှူး(ကုသရေး)၊ ဒေါ်နီနီဝင်း လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)နှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ ၊ဒုတိယခရိုင်ဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အထွေထွေရောဂါခွဲစိတ်ကုသပေးခြင်း၊ သွားနှင့်ခံတွင်းကုသပေးခြင်း၊ သားဖွားမီးယပ် ရောဂါကုသပေးခြင်း ၊ကလေးသီးသန့်ကုသခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်းနှင့် အထွေထွေရောဂါ များအား အခမဲ့ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ဇုတ်သုတ် ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဆေးကုသမှု လာရောက်ခံယူသူ ၃၇၂ ဦးရှိကြောင်း သိရသည်။
ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးရာသို့ ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်သွင် ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်း ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်နှင့် စီမံအဖွဲ့ဝင်များက ဆေးကုသနေမှုများကို လာရောက်ကြည့်ရှုခဲ့ပြီး လူနာများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ဘီးလင်း(ပြန်/ဆက်)