ဘောလခဲမြို့၊ကမ်းနားလမ်းတွင် ရေကြီးနစ်မြှုပ်စင်က တင်ကျန်နေသောသဲနုန်းများဖယ်ရှားရှင်းလင်းခြင်းစုပေါင်းဆောင်ရွက်

ဘောလခဲ မေ ၂၅

ကယားပြည်နယ်၊ ဘောလခဲခရိုင် ၊ဘောလခဲမြို့ ကမ်းနားလမ်းတွင်ယခင်ရေကြီးနစ်မြှုပ်စဉ်က တင်ကျန်နေသောသဲနုန်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် လမ်းဘေးဝဲယာခြုံနွယ်များသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)အချိန်က ပြုလုပ်သည်။

အဆိုပါ ကမ်းနားလမ်းရှိ သဲနုန်းများသည် ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြှုပ်စဉ်က တင်ကျန်နေသောသဲနုန်းများဖြစ်ပြီး၊  မြို့နယ်စည်ပင်သာရေးကော်မတီ၏ ရက်(၁၀၀)စီမံချက် လုပ်ငန်းအနေဖြင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခြင်းဖြစ်ပြီး၊ လမ်းဘေးဝဲယာနှင့်ခြုံနွယ်များအား  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင်  ဘောလခဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့်ကော်မတီဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများပူးပေါင်း၍ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒေါ်ဇင်မာထွန်း(ဦးစီးအရာရှိ)