မိုးမောက် စက်တင်ဘာ ၃
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုးမောက်မြို့နယ်အတွင်း ကိုဗစ်−၁၉ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံ ပေးရာတွင် မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာစံလင်း ဦးဆောင်၍ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးစန်းနိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ပထမအကြိမ် ထိုးနှံပေးပြီးသူများဖြစ်သည့် မိုးမောက်မြို့အတွင်းရှိ အသက် ၆၅နှစ်နှင့်အထက် ပြည်သူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ ၊ Volunteer/ ပရဟိတအဖွဲ့ဝင်များ၊ ဘိုးဘွားရိပ်သာ၊ သံဃာတော်များ/သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ဟိုတယ်မိုတယ်/ တည်းခိုခန်း၊ အကျဉ်း/အချုပ်သား များ၊ပုဂ္ဂလိကပို့ဆောင်ရေး အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ Super Market/ စျေးစသည်ဖြင့် ဦးစားပေးအုပ်စုများအလိုက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေခြင်း၍ သွေးပေါင်ချိန် တိုင်းတာပေးခြင်း စနစ်တကျမှတ်တမ်းတင်ရေးသွင်းခြင်းများ ပြုလုပ်ပြီး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်−၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို သြဂုတ် ၃၁ ရက်နေ့မှစတင်၍ ယနေ့အထိ ဆက်လက်ထိုးနှံပေးလျက်ရှိပြီး မြို့နယ်ကိုဗစ် ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ နေ့စဉ်ကြီးကြပ်ပေးလျက်ရှိကြောင်းနှင့် ပထမအကြိမ်ထိုးနှံပေးပြီးသူ ၁၃၅၀ဦး အား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်