ချောင်းဆုံတွင် (၇)ရက်အတွင်း ကိုဗစ်−၁၉ကာကွယ်ဆေးဒုတိယအကြိမ် (၄၆၂၀)ဦးအားထိုးနှံပေးခဲ့
Sep 03,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွှန်ချက်နှင့်အညီ စုရပ်(၅)နေရာတွင် စက်တင်ဘာ၂ရက်နေ့အထိ ပြည်သူ(၄၆၂၀)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ယနေ့နံနက်တွင်လည်း ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။