ပျဉ်းမနား စက်တင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် သံဃာတော်များအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဘုန်းတော်ကြီးကျောင်းတွင် သံဃာတော်များ ကာကွယ်ဆေးထိုးနှံရေးစင်တာအဖြစ် ဆောင်ရွက်ထားရှိပြီး ပျဉ်းမနားမြို့နယ် အတွင်းရှိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ဖြစ်သည့် သံဃာတော်များကို ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများကို နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေး အားပေးကြည်ညိုကာ လိုအပ်သည်များကို လျှောက်ထားဆွေးနွေး ဖြည့်ဆည်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ပျဉ်းမနားမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် အောင်တိုဘာလ(၁)ရက်နေ့မှ စတင်ကာ အောက်တိုဘာလ (၇)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကာ ပျဉ်းမနားမြို့နယ်မှ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ(၄၉၄၇)ဦးဖြစ်ပြီး အောင်တိုဘာလ(၂)ရက်နေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ(၁၆၈၀)ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်ဖြိုး(ပြန်/ဆက်)