သတင်းများ

ပွင့်ဖြူမြို့နယ် မဲဇလီဆည်အတွင်း ငါးသယံဇာတဖူလုံစေရေးအတွက် ငါးမျိုးစိတ်ကောင်ရေ(၂)သိန်း စိုက်ထည့်
Sep 03,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန်၊ ငါးမျိုးပြုန်းတီးမှု လျော့ပါးစေရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်၍  တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် မဲဇလီဆည်အတွင်း ငါးမျိုးစိတ်ကောင်ရေ(၂)သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက်  ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 03,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက် ပြည်သူများအား  ဒုတိယအကြိမ်အဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာ ကွယ်ဆေးကို စက်တင်ဘာ ၃ ရက်နေ့ တွင်လည်း သတ်မှတ်နေရာများတွင် လူမျိုးဘာသာမရွေး ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် နယ်စပ်ကုန်စည်စီးဆင်းမှု ဖွံဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေး ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ရေကူးအားကစားမြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 03,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဖွံဖြိုး တိုးတက်လာ စေရေးနှင့် စိုက်ပျိုး‌ရေးထုတ်ကုန်များနှင့် ပတ်သက်၍ နယ်စပ် ကုန်စည်စီးဆင်းမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ စေတနာ့ဝန်ထမ်း အသင်းအဖွဲများထံ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းတိုကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထားသည့် မိဘပြည်သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည်
Sep 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထားသည့် မိဘပြည်သူများအား စက်တင်ဘာလ ၄ ရက် နံနက် ၉ နာရီတွင် မြို့တော်ခန်းမ၌ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
သရက်မြို့၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေး
Sep 03,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သတ်မှတ်နေရာများ၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ရွှေသက်လွတ်ဘုရာဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရမ်းဗြဲမြို့ပေါ်စုရပ်တွင် သတ်မှတ်ရက်များအတွင်း ကိုဗစ် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာ အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွာများ နှင့် ဦးတည်အုပ်စု ပြည်သူ (၈၁၀) ဦးကို   ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး  (Sinopharm)  ထိုးနှံပေးခဲ့ပြီးဖြစ်
Sep 03,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌  ဦးတည်အုပ်စု ပြည်သူများကို ဒုတိယအကြိမ်  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးဆေးကို  ဩဂုတ်လ ၃၁- ရက်နေ့ မှ  ယမန်နေ့ ညနေပိုင်းထိ ကာကွယ် ဆေးထိုးနှံပေးခဲ့ရာ  ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၈၁၀) ဦး လာရောက် ထိုးနှံခဲ့ကြကြောင်းသိရသည်။
မိုးနဲမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာများရွေးချယ်
Sep 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) အတွက် ကျေးရွာ များ ရွေးချယ်ခြင်းကို မြို့နယ် ကမ္ဘောဇခန်းမ၌  ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ အသုံးပြုမည့်အောက်ဆီဂျင်စက် ရောက်ရှိ
Sep 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါလူနာများနှင့် အခြားနာမကျန်း လူနာများ  အောက်ဆီဂျင် လိုအပ်ချက်မဖြစ်ပေါ်စေရေးအတွက်  မြို့နယ် နာယက ဆရာတော်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အောက်ဆီဂျင် စက်ဖြစ်မြောက် ရေးကော်မတီ တို့က ဦးဆောင်၍ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူထားသော အောက်ဆီဂျင် ထုတ်စက်သည် ယမန်နေ့ညက ရောက်ရှိ လာကြောင်း သိရသည်။