သတင်းများ

နမ့်စန်တွင်  ၁၀ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိအဆောက်အဦအား ဝင်တိုက်မှု ဖြစ်ပွား
Sep 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အမှတ် (၄)ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ၁၀ ဘီးယာဉ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်မှတဆင့် လမ်းဘေးအဆောက်အဦးအား ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
မော်ချီး​ဒေသရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် Volunteer များအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 03,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ​မော်ချီး​ဒေသတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ Volunteer များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီ အချိန်က ​မော်ချီး​ဒေသလိုခါးလို​ကျေးရွာခန်းမ​ဆောင်နှင့် ​မော်ချီး​အောက်ရွာရှိ ​​ကျေးလက်​ဆေး​ပေးခန်းတို့ တွင် ပြုလုပ်ခဲ့​ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို RDT Takit ဖြင့် အခမဲ့ စစ်ဆေးပေး
Sep 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀၀၀နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို RDT Taskit ဖြင့် အခမဲ့ စစ်ဆေး ပေးခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ပထမအကြိမ် စက်ရုံအလုပ်သမား (၃၁၄၇၄)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး
Sep 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်ရုံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ အထိ စက်ရုံအလုပ်သမား (၃၁၄၇၄)ဦးကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် SinoPharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံ‌ပေးလျက်ရှိ
Sep 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ် ထိုးထားသည့်သူများကို သတ်မှတ်ထားသည့် ဆေးထိုးစုရပ် (၇)နေရာတွင် ဦးစားပေး အစီအစဉ်အတိုင်း ယနေ့ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ကရသူရိမြို့ ပြည်သူ့ဆေးရုံး၌ ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့ ဆက်လက်ထိုးနှံပေး
Sep 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ပြည်သူ့ဆေးရုံး၌ တရုတ်နိုင်ငံထုတ်  Sinopharm ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့ ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မာန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ရက်များအလိုက် ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ
Sep 03,2021
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမကြိမ်ထိုးနှံခဲ့သူများကို ယနေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီထိ လည်းကောင်း၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ ထိလည်းကောင်း၊ အချိန်သတ်မှတ်ကာ မြို့နယ်ပြည်သူ့ ဆေးရုံ(ဟောင်း)နေရာ၌သတ်မှတ်ထားသည့် နေ့ရက်အလိုက် ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
မိုးနဲမြို့နယ်တွင် သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Sep 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲ မြို့နယ် ကမ္ဘောဇခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီ အချိန်မှစတင်၍ မြို့နယ်အတွင်းရှိ သံဃာတော်များ၊  အသက်၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်း မိသားစုများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ကို ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရသည်။