သတင်းများ

ပွင့်ဖြူမြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွား  ၁၀၄၇ ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ (ဧပြီ ၊ မေ ၊ ဇွန်)လအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်း
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး ရေဝင်ရောက်မှုတို့ကြောင့် ပြောင်းရွှေ့နေရသည့် ဘုန်းတော်ကြီး ကျောင်းများနှင့်အိမ်ထောင်စုများအတွက် ဒေသခံအရပ်ဘက်လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီအချိန်က အခြေခံစားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းကြသည်။
အင်းစိန်မြို့နယ် စာရေးဆရာအသင်းအမှုဆောင်အဖွဲ့မှ အသင်းသား (၁၂၀)ဦး အား ထောက်ပံ့ငွေများပေးအပ်
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ စာရေးဆရာ အသင်းအမှုဆောင်အဖွဲ့မှ လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေးတို့ အခက်အခဲဖြစ်ပေါ်လျက်ရှိနေသော အသင်းသား(၁၂၀)ဦးကို ယနေ့ နံနက်က ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး တွင်ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Sep 13,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး တွင်ရပ်ကွက်/ ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားလာရောက်ပြုလုပ်သူများပြားလျက်ရှိကြောင်းသိရသည်။
ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ရွေ့လျားမော်တော်ယာဉ်ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိ
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအခြေအနေကို သိရှိပြီး တားဆီးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး RDT Test Kit ဖြင့် ရောဂါပိုးရှိမရှိ ရွေ့လျားမော်တော်ယာဉ်ဖြင့် အခမဲ့စစ်ဆေးပေးလျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က စတင်ကာ ဘိုးဘွားရိပ်သာနှင့် အုတ်ဖြတ်အုပ်ချုပ်ရေးမှူးရုံး တို့တွင် ရွေ့လျား မော်တော်ယာဉ်ဖြင့် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့၌ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်ရှိ သံဃာတော်များအား RTD Test-Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေး
Sep 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့် ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်ရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုရှိမစေရေးအတွက် RTD Test-Kitဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။
မိုင်းတုံမြို့၌ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်‌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့‌ငွေကျပ်(၅)သိန်းနှင့် ကြက်ဥ (၄၈)ကတ် ထောက်ပံ့လှူဒါန်း
Sep 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ခရိုင်ကိုဗစ်-၁၉‌ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မိုင်းတုံမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့  ထောက်ပံ့လှူဒါန်းပေးခြင်းကို ယနေ့နံနက် (၁၁)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
ပြည်ခရိုင်တွင် မှတ်ပုံတင် မပြုလုပ်ရသေးသည့် (လိုင်စင်မဲ့) မော်တော်ဆိုင်ကယ်များအား OSSစီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေး
Sep 13,2021
ပြည်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး(ကညန)မှ ဒေသအတွင်း မှတ်ပုံတင် မပြုလုပ်ရသေးသည့် (လိုင်စင်မဲ့)မော်တော်ဆိုင်ကယ်များအား OSSစီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ပြည်မြို့ မင်္ဂလာရွှေပြည်ခရိုင်အားကစားကွင်း အားကစားခန်းမ၌ စက်တင်ဘာ ၁၃ရက်မှ အောက်တိုဘာ ၁၅ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။