သတင်းများ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေး
Sep 09,2021
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြိတ်မြို့တွင် ပြည်သူများ  စားသုံးမှု ဖူလုံစေရေးအတွက် စိုက်ပျိုး မွေးမြူထုတ် လုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ ၁၂၄၈ သိန်း ထုတ်ချေးပေး
Sep 09,2021
သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ ခုနှစ် ဒုတိယနှစ်မြောက် ကျေးရွာမတည်ရန်ပုံငွစီမံကိန်း ကျေးရွာ ငါး ရွာ အား ယနေ့ နံနက် ၉ နာရီက နေ့ချင်းဆပ် နေ့ချင်းထုတ်ပေးသည့်စနစ်ဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ပြည်လည် ထုတ်ချေးပေးကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၈၅၉)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Sep 09,2021
မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တောင်သာမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တောင်သာ မြို့နယ်အတွင်းရှိ  အသက်(၈၅)နှစ် အထက်သက်ကြီးဘိုးဘွား(၁၈၅၉)ဦးအား  လူမှုရေပင်စင်ထောက်ပံ့ငွေများကို  ယနေ့ နံနက်(၉)နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ရိုးသစ်သားတံတား(ဟောင်း) ရေစီး နောက် မျောပါ ပျက်စီး
Sep 09,2021
တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝဲဒေါင့်ကျေးရွာအုပ်စုနှင့် တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ အုပ်စုကြား ခပေါင်းချောင်းပေါ်တွင် ဆောက်လုပ်ထားသောနောင်ရိုး သစ်သားတံတားအရှည် ၃၆၄ပေ (၂၈'၊၁၃ခန်း)ရှိ သစ်သားတံတားသည် ၁၉၉၅ခုနှစ်ကတည်းက ကိုယ်ထူကိုယ် ထဆောင်ရွက်ထားသော သစ်သားတံတားဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ည ၈ နာရီခွဲ အချိန်တွင် ချောင်းရေစတင်တက်လာပြီး ည(၁၂) နာရီခွဲ အချိန်ခန့်က ရေလည်ခန်းဖွင့် (၅)ခန်းရေစီး နောက်သို့ မျောပါသွားကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ ဓနုံးကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော Multipurpose Shelter ဆောက်လုပ်မှု လုပ်ငန်း ကြည့်ရှု့စစ်ဆေး
Sep 09,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စု၊ ဓနုံးကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော Multipurpose Shelter တည်ဆောက်ရေးလုပ်ငန်းအား ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ သွားရောက် ကြည့်ရှူ့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
သံတွဲမြို၌ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ ကျင်းပ
Sep 09,2021
သံတွဲခရိုင် ကုတင်၁၀၀ဆေးရုံအတွင်းရှိ အောက်ဆီဂျင် (Plant)စက်ရုံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါ အဆောက်အအုံရှေ့တွင် ကျင်းပ ပြုလုပ်သည်။
ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ ယနေ့အထိ (၅၃၂၁) ဦး ရှိပြီဖြစ်
Sep 09,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက်  ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ ၅၃၂၁  ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။  
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး
Sep 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် အသက် ၆၅ နှစ်နှင့်အထက်ဘိုးဘွားများ၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက် ရှိရာ ယနေ့ ၁၁၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။