ဟိုပုံးမြို့၌ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်ရှိ သံဃာတော်များအား RTD Test-Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေး

ဟိုပုံး  စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့် ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်ရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုရှိမစေရေးအတွက် RTD Test-Kitဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က စစ်ဆေးဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်၍ ဟိုပုံးပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက သံဃာတော်(၇၀)ပါးနှင့် ဝေယျာဝစ္စ ဆောင်ရွက်သူ(၅)ဦး တို့အား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။

ဆက်လက်၍ ကျန်ရှိနေသေးသည့် စာသင်တိုက်နှင့် ကျောင်းတိုက်များကိုလည်း ဆက်လက်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)