လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး တွင်ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

 

နတ်မောက် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး တွင်ရပ်ကွက်/ ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားလာရောက်ပြုလုပ်သူများပြားလျက်ရှိကြောင်းသိရသည်။

 

ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးမှူးရုံး ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လာရောက်ကြသည့် ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးသူများအား လဲလှယ်ပေးခြင်းများ ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိသည်။

“ကျွန်တော်တို့ရုံးမှာပြုလုပ် ဆောင်ရွက်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ယခုကာလမှာ ကျေးလက်တွေကို ကွင်းမဆင်းနိုင် တဲ့အတွက် ကျေးလက်အုပ်ချုပ်ရေးမှူးများကို ကျေးရွာမှာ အမှန်တကယ် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ချင်တဲ့သူ တွေကို ရုံးသို့ စေလွှတ်ပေးဖို့အတွက် မှာကြားထားပြီး ရုံးမှာတင်အပြီးပြုလုပ်ဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ရုံးမှာ က ရုံးဖွင့်တဲ့ နေ့တိုင်း နံနက်၉နာရီမှညနေ၄နာရီခွဲ အထိနေချင်းပြီးအမြန်ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ ကတော့ ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ် မရှိတဲ့ပြည်သူတွေ ကိုနိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးတော့ အမြန်ဆုံး ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်မှ ပြောကြားခဲ့သည်။

 

လှဝင်း