ဖြူး စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအခြေအနေကို သိရှိပြီး တားဆီးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး RDT Test Kit ဖြင့် ရောဂါပိုးရှိမရှိ ရွေ့လျားမော်တော်ယာဉ်ဖြင့် အခမဲ့စစ်ဆေးပေးလျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က စတင်ကာ ဘိုးဘွားရိပ်သာနှင့် အုတ်ဖြတ်အုပ်ချုပ်ရေးမှူးရုံး တို့တွင် ရွေ့လျား မော်တော်ယာဉ်ဖြင့် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူများ များပြားလာသည့်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ဆဲ ကာလဖြစ်နေသေးပြီး ဩဂုတ်လမှ စတင်ကာ ရွေ့လျားမော်တော်ယာဉ်ဖြင့် စုရပ်နေရာများ သတ်မှတ်ကာ ရောဂါပိုးရှိမရှိ အခမဲ့ စစ်ဆေးပေးလျက်ရှိရာ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနိုင်သူ (၈၈၀၀)ဦးကျော်၊ ရောဂါပိုးတွေ့ရှိသူ (၂၇)ဦးရှိကြောင်းနှင့် ကျန်ရှိသူများကို ဆက်လက် စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ဖြူးမြို့နယ်တွင် စက်တင်ဘာလ(၁၂)ရက်နေ့၊ ညနေပိုင်းအထိ ပိုးတွေ့လူနာ(၃)ဦး ထပ်မံ တိုးသောကြောင့် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ (၁၂၆၈)ဦ၊ သေဆုံးသူ(၇၅)ဦး ဆေးရုံလက်ကျန် (၄၇)ဦး၊ ဆေးရုံမှဆင်းသူ(၁၁၄၆)ဦး ရှိသွားပြီးဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်