သတင်းများ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ(၈၀)ရှိပြီး၊ ကျန်းမာရေးကောင်းမွန် လာသူ(၃၉)ဦး ဆေးရုံ ဆင်းခွင့်ရရှိ
Sep 13,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုချက်အရ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၈၀)ဦးရှိပြီး ကျိုက်ဒုံမြို့သံဃာ့အဆောင်နှင့် (အ.ထ.က) (COVID CENTER) တို့တွင် တိုက်နယ်ဆေးရုံမှ ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Sep 13,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မအူပင်ခရိုင် မအူပင်မြို့နယ်အတွင်းရှိ အသက်၆၅နှစ်နှင့် အထက်ရှိသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့်အထက်ရှိသူ များအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံမှုအား ယနေ့ နံနက် ၉ နာရီက မအူပင်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင်ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ Stay at Home ကာလ မဖြစ်မနေ အပြင်ထွက်သွားလာရသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိ
Sep 13,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ Stay at Home ကာလ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မဖြစ်မနေ အပြင်ထွက်သွားလာရသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာစေရေး ယမန်နေ့က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပင်လောင်းမြို့နယ်အတွင်းရှိ စာသင်တိုက်နှင့်ကျောင်းတိုက်များရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test kit ဖြင့် အခမဲ့ စစ်ဆေးပေး
Sep 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကိုးခေါင် ရပ်ကွက် အတွင်းရှိ ကိုးခေါင်ပရိယတ္တိစာသင်တိုက်ရှိသံဃာတော်များအား ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သွားရောက် စစ်ဆေး ပေးခဲ့သည်။
လဲချားမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး
Sep 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အားကစားခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကျိုက်လတ်မြို့နယ် ဗလီခြံ‌ရေကျော်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံးမှမြို့နယ်ဦးစီးမှူး ဦးထွန်းဆွေဦးဆောင်သော ဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ဗလီခြံ ရေကျော်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ သက်သာပျောက်ကင်းသူ (၄)ဦးဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၃၅၇)ဦးရှိလာ
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ယာယီဆေးရုံသာသနာ့ဗိမာန်တွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူ (၄)ဦးအား ယမန်နေ့မွန်းလွဲပိုင်းက ဆေးရုံဆင်း ခွင့်ပြုလိုက်ရာ ဆေးရုံဆင်းခွင့်ရရှိသူ (၃၅၇)ဦးရှိပြီဖြစ်ကြောင်းသိရသည်။