ရန်ကုန် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ စာရေးဆရာ အသင်းအမှုဆောင်အဖွဲ့မှ လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေးတို့ အခက်အခဲဖြစ်ပေါ်လျက်ရှိနေသော အသင်းသား(၁၂၀)ဦးကို ယနေ့ နံနက်က ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းထောက်ပံ့ငွေများ ပေးအပ်ရာတွင် အသင်းမှ ငွေဖြင့် တစ်ဦးလျှင် ငွေ ကျပ်(၁၀၀၀၀)တစ်သောင်းနှင့် အမှုဆောင်အဖွဲ့၏ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်သိန်း (တက္ကသိုလ်မြမြဉ္ဇူ) မြန်မာနိုင်ငံမီဒီယာအဖွဲ့ဝင်က ငွေကျပ် (၁၀၀၀၀)တစ်သောင်းတို့ကို အသင်းဒုတိယဥက္ကဋ္ဌ ဦးလှမိုးနိုင်၊ အတွင်းရေးမှူး ဆရာရန်မိုးအောင်၊ တွဲဘက်အတွင်းရေးမှူး ဦးဝင်းနွယ်(ပုသိမ်)အဖွဲ့ဝင် ဦးရဲခိုင်(မော်ကျွန်း)တို့က အသင်းသားများ၏ နေအိမ် များသို့ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အသင်းမှ ငွေကျပ်(၁၀)သိန်း၊ ဒေါ်မြင့်မြင့်သိန်းက ငွေကျပ်(၁၀)သိန်း စုစုပေါင်း ငွေကျပ်သိန်း(၂၀)ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မျိုးသန့်