မိုင်းတုံမြို့၌ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်‌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့‌ငွေကျပ်(၅)သိန်းနှင့် ကြက်ဥ (၄၈)ကတ် ထောက်ပံ့လှူဒါန်း

မိုင်းတုံ  စက်တင်ဘာ   ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ခရိုင်ကိုဗစ်-၁၉‌ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မိုင်းတုံမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့  ထောက်ပံ့လှူဒါန်းပေးခြင်းကို ယနေ့နံနက် (၁၁)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ   မိုင်းဆတ်ခရိုင်၊ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်ကကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်‌ရေးလုပ်ငန်းနှင့် ပတ်သက်၍ အမှာစကား‌ပြောကြားသည်။

ထို့နောက် မိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း၌ အသုံးပြုနိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ငွေကျပ်(၅)သိန်းကို လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်လင်းအောင် က ကြက်ဥ(၄၈)ကတ်ကို လည်းကောင်း ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်း ကလက်ခံရယူပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက် နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ဝင်းဝင်းခိုင် (မိုင်းတုံ၊ပြန်/ဆက်)