သတင်းများ

တိုက်ကြီးမြို့နယ်၌ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၃,၉၃၃ ဦးထိ ရှိပြီဖြစ်
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို ဉီးစားပေးအုပ်စုတွင် ပါဝင်သူ (ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံပြီးသူများအား (ဒုတိယအကြိမ်) ပြန်လည်ထိုးနှံပေးခြင်းကို သတ်မှတ် ထားသော စုရပ်နေရာများ၌ ထိုးနှံပေးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ အိမ်မဲမြို့နယ်ရွှေရောင်ပြ စာသင်တိုက်ကျောင်းသို့ ဆန်၊ ဆီ၊ ဆားများ လာရောက်လှူဒါန်း
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွှေရောင်ပြစာသင်တိုက်ကျောင်းသို့ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆန်၊ ဆီ၊ ဆားအစ ရှိသည့် လှူဖွယ်ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်အတွင်းရှိ ဆန်စက်၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေး
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်‌အတွင်းရှိ ဆန်စက်၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံအလုပ်သမားများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံမှုအား ယနေ့၊ စက်တင်ဘာလ ၁၆ရက်နေ့၊ နံနက် ၉ နာရီက ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စက်တင်ဘာလ ၁၆ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် လက်ကမ်းစာစောင် နှင့် နှာခေါင်းစည်းများပေးဝေလှုပ်ရှားမှုပြုလုပ်
Sep 16,2021
၂၀၂၁ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့ ယနေ့တွင်ကျရောက်သည့်ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိန်းအမှတ် အဖြစ် ညောင်ဦးမြို့ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီး ဌာနက ညောင်ဦးမြို့လမ်းဆုံမီးပွိုင့် နေရာများနှင့် မဏိစည်သူ ဈေးပတ်ဝန်းကျင် တွင် ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ပညာပေးလက်ကမ်းစာစောင်များနှင့်နှာခေါင်း စည်းများပေးဝေ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြာင်း ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒေါ်ကြူကြူလွင် (လက်ထောက်ညွှန်ကြားရေးမှူး) ထံကသိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၂၁) ဦးထပ်မံ ဆေးရုံဆင်းခွင့်ရ
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ (၂၁)ဦး ထပ်မံဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ယူနီဆက်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ(၆)ရွာ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေ ပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သောက်သုံးရေရရှိမှု အဆင်ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ်(၁၂၆ ဒဿမ ၂၆၅)သန်းနှင့် ယူနီဆက်ခွင့်ပြရန်ပုံငွေ ကျပ်(၂၄ ဒဿမ ၇၅)သန်းဖြင့် ကျေးရွာ(၆)ရွာ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၌ အသက် ၆၀နှစ်မှ ၆၅နှစ်ရှိပြည်သူများအား ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်၆၀နှစ်မှ ၆၅နှစ်ရှိ ပြည်သူများအား ပထမအကြိမ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။