ညောင်တုန်း စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်၆၀နှစ်မှ ၆၅နှစ်ရှိ ပြည်သူများအား ပထမအကြိမ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။
ညောင်တုန်းမြို့နယ်အတွင်း အသက် ၆၀နှစ်မှ ၆၅နှစ်ရှိပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တစ်မြို့နယ်လုံးအတွက် စုရပ် ၃ ခုဖြစ်သော ညောင်တုန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဆားမလောက် အခြေခံပညာအထက်တန်းကျောင်းနှင့် ချောင်းကြီး အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆေးထိုးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး နံနက်၉နာရီမှ ညနေ ၃နာရီအထိ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ် ကြည့်ရှု့ခဲ့ကြောင်းသိရသည်။
ညောင်တုန်းမြို့နယ်တွင် စက်တင်ဘာလ ၁၅ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း(၃၆၃) ဦးရှိပြီး၊ သေဆုံးသူ (၈၅)ဦး၊ ဆေးရုံမှဆင်းသူ (၂၆၀)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။