ဓနုဖြူ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ဆန်စက်၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံအလုပ်သမားများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံမှုအား ယနေ့၊ စက်တင်ဘာလ ၁၆ရက်နေ့၊ နံနက် ၉ နာရီက ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက် ထိုးနှံ ကြသည့် ဆန်စက်၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ အလုပ်သမား (၂၄၈)ဦးအား ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။