စက်တင်ဘာလ ၁၆ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် လက်ကမ်းစာစောင် နှင့် နှာခေါင်းစည်းများပေးဝေလှုပ်ရှားမှုပြုလုပ်

 

ညောင်ဦး  စက်တင်ဘာ  ၁၆

၂၀၂၁ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့ ယနေ့တွင်ကျရောက်သည့်ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိန်းအမှတ် အဖြစ် ညောင်ဦးမြို့ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီး ဌာနက ညောင်ဦးမြို့လမ်းဆုံမီးပွိုင့် နေရာများနှင့် မဏိစည်သူ ဈေးပတ်ဝန်းကျင် တွင် ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ပညာပေးလက်ကမ်းစာစောင်များနှင့်နှာခေါင်း စည်းများပေးဝေ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြာင်း ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒေါ်ကြူကြူလွင်  (လက်ထောက်ညွှန်ကြားရေးမှူး) ထံကသိရသည်။

၃၆နှစ်တာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းမှု၊ ရာသီဉတုပြောင်းလဲမှုနှင့်သက်ရှိများအတွက် အိုးဇုန်းလွှာအကျိုးပြုမှုအား ညောင်ဦးမြို့လမ်းဆုံမီးပွိုင့်များတွင် အများပြည်သူသိ ရှိနိုင်ရန် ပညာပေး မြေစိုက်ဘုတ်စိုက်ထူပြသထားခြင်း၊ မဏိစည်သူ ဈေးပတ်ဝန်းကျင်နှင့် လမ်းဆုံ နေရာများတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ပညာပေးလက်ကမ်းစာစောင် များနှင့် နှာခေါင်းစည်းများအား ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာက လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလွင်နှင့်ဝန်ထမ်းများကာ လိုက်လံဝေပေး မှုပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ မြေစိုက်ဘုတ်၊ ပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်စည်းများပေး ဝေခြင်းအား ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ကိုထိန်၊KPD