မိုင်းဆတ်မြို့၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ယူနီဆက်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ(၆)ရွာ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

မိုင်းဆတ် စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေ ပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သောက်သုံးရေရရှိမှု အဆင်ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေ ကျပ်(၁၂၆ ဒဿမ ၂၆၅)သန်းနှင့် ယူနီဆက်ခွင့်ပြရန်ပုံငွေ ကျပ်(၂၄ ဒဿမ ၇၅)သန်းဖြင့် ကျေးရွာ()ရွာ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ()ရွာ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများအား လာဘ်ငွေမိုးဟိန်းကုမ္ပဏီမှ ဆောင်ရွက် သည့် ယူနီဆက် ခွင့်ပြုရန်ပုံငွေကျပ်(၂၄ ဒဿမ ၇၅) သန်းဖြင့်(/)မိုင် ပါနန်-၂ကျေးရွာ စိမ့်စမ်း ရေသွယ်တန်း ခြင်းနှင့် TA Capital ကုမ္ပဏီမှ ဆောင်ရွက်သည့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၂၄ ဒဿမ ၈၅)သန်းဖြင့် (/)မိုင် မယ်မိုကျေးရွာစိမ့်စမ်းရေသွယ်တန်းခြင်း၊ ကောင်းမွန်ဆွေကုမ္ပဏီမှ ဆောင်ရွက်သည့် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ်(၁၅)သန်းဖြင့် (/)မိုင် နားဖကျေးရွာ စိမ့်စမ်းရေ သွယ်တန်းခြင်း၊ ဌာန ကော်မတီမှ ဆောင်ရွက်သည့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်( ဒဿမ ၇၁၅)သန်းဖြင့်(/)မိုင် နားလီ ကျေးရွာစိမ့်စမ်း ရေသွယ်တန်းခြင်း၊ ရွှေရှမ်းဟန်ကုမ္ပဏီမှ ဆောင်ရွက်သည့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၃၇ ဒဿမ ၇၂) သန်းဖြင့် (/)မိုင် နောင်ဘိုကျေးရွာစိမ့်စမ်းရေသွယ်တန်းခြင်း၊ ကောင်းသူခေတ်ကုမ္ပဏီနှင့် ပိန်းခမ်း ရွှေပန်းပွင့်ကုမ္ပဏီမှ ဆောင်ရွက်သည့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၄၂ ဒဿမ ၉၈၁)သန်းဖြင့် (/)မိုင် ပိန်းခမ်းကျေးရွာ စိမ့်စမ်းရေ သွယ်တန်း ခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)