တိုက်ကြီး စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို ဉီးစားပေးအုပ်စုတွင် ပါဝင်သူ (ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံပြီးသူများအား (ဒုတိယအကြိမ်) ပြန်လည်ထိုးနှံပေးခြင်းကို သတ်မှတ် ထားသော စုရပ်နေရာများ၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ဦးစားပေး ဦးတည်အုပ်စုအလိုက် ထိုးနှံပေးခဲ့ရာတွင် အ.ထ.က(မြို့မ)ကျောင်း၊ ဥက္ကံမြို့ ရွှေကံသာခန်းမ၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၊ ဖလုံ ကံကုန်း အ.ထ.က ကျောင်း၊ ဖိုးခေါင် ဓမ္မာရုံနှင့် တော်လတီ အ.ထ.ကကျောင်းစသည့် စုရပ်နေရာတို့၌ (ပထမအကြိမ်) ကာကွယ်ဆေး အား (၇,၉၈၃)ဉီးတို့ကို ဦးစားပေး အစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ဩဂုတ် လ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်ကစတင်၍ (ဒုတိယအကြိမ်) ကာကွယ်ဆေး ပြန်လည်ထိုးနှံ ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ (၃,၉၃၃) ဦးရှိပြီး ကျန်ရှိနေသော ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံမည့်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန မှ ဝန်ထမ်းများ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်း အဖွဲ့များနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)