ကျိုင်းတုံ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက အမှာစကားပြေားကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ရှမ်းပြည် နယ်(အရှေ့ပိုင်း) မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ရေှ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသည့် ကျိုင်းတုံမြို့နယ်မှ လူမှုရေးအသင်း အဖွဲ့များနှင့် Volunteer များအတွက် ကြက်ဉ အလုံး ၁၀၀၀၊ လူမှုရေးအသင်း သုံးသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် အတွက် PPE ဝတ်စုံ ၇၀၀၊ FEVER CLINIC ဖျားနာလူနာကုသမှု ဆေးခန်းအတွက် PPE ဝတ်စုံ ၂၀၀၊ Test Kit ၂၀၀၀၊ Surgical gown ၂၀၀၊ ရှမ်းအရှေ့ မြို့နယ်များအတွက် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၄ လုံးနှင့် ကျိုင်းတုံတက္ကသိုလ်အတွက် အန်နာဗွန်စီ ဆေးများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ကျိုင်းတုံမြို့နယ်အတွင်း Quarantine Center ၊ Positive Center နှင့် FEVER CLINIC ဖျားနာလူနာကုသမှုဆေးခန်း များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် Volunteer များ အတွက် ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ဆီ များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)