အုတ်ဖို စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ (၂၁)ဦး ထပ်မံဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း သီးသန့်ထားရှိရာနေရာ အသီးသီးမှ ကျန်းမာရေးကောင်းမွန်သူ (၂၁)ဦးကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက် ကြာနေထိုင်ကြရန်နှင့် ကျန်းမားရေးအသိပညာပေး အမှာစကားများ ပြောကြားပေးခဲ့ပြီး လူမှုကူညီရေး အသင်းကားများဖြင့် နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ညနေ(၆)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၁,၉၃၆) ဦးအနက် ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ (၁,၇၈၃) ဦးထိရှိပြီး သေးဆုံသူ ၈၆ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှသိရသည်။
အောင်သူ(အုတ်ဖို)