ဇမ္ဗူသီရိမြို့နယ်တွင်ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Sep 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် (၆၅) နှစ်နှင့် အထက်ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများအား ယမန်နေ့နံနက် ၉ နာရီက အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။