အိမ်မဲ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွှေရောင်ပြစာသင်တိုက်ကျောင်းသို့ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆန်၊ ဆီ၊ ဆားအစ ရှိသည့် လှူဖွယ်ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် ရွှေရောင်ပြစာသင်တိုက်ကျောင်းရှိ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဝါတွင်းကာလ ဆွမ်း၊ ကွမ်းအခက်အခဲမရှိစေ ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့က ဆန် (၁၃)အိတ်၊ ဆီ (၁၃)ပိဿာ၊ ဆား(၁၃) ပိဿာတို့ကို လှူဒါန်းပေး ခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကျန်းမာရေးဝန်ထမ်းများနှင့် volunteer အဖွဲ့များအတွက် ppe ဝတ်စုံ ၂၅ ထည်၊apron ၁၀၀ ခု၊ Glove လက်အိတ် ၁၀ ဖာ၊ ppe level (2) ၃၀ စုံ၊Cevit, zinc, amlodipine,antibiotic အစရှိသည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် ရွှေရောင်ပြစာသင်တိုက်တွင် ယခုလအတွင်းကိုဗစ်(၁၉)ပိုးတွေ့လူနာ (၂၅) ဦးရှိပြီး အဆိုပါလူနာများအား Covid-19 Treatment Center (ရွှေလင်းယုန်) တွင် ဆေးဝါးကုသမှုများ ဆောင်ရွက်နေကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)