သတင်းများ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အအုံသစ်ဆောက်လုပ်
Sep 16,2021
ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေစေရေးနှင့် စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက် အအုံသစ်ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ယမန်နေ့ ညနေ ၄ နာရီခန့်က တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် အသက် ၅၅နှစ်နှင့်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမနေ့ စတင်ထိုးနှံပေး
Sep 16,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် အသက် ၅၅ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမနေ့စတင် ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မင်းလှမြို့ ရုံးရပ်တောင်ရပ်ကွက် ဦးကင်းဘုရားဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိရာ လူဦးရေ ၂၈၅ ဦး ထိုးနှံခဲ့ကြောင်း သိရသည်။
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာ ၄ ဦး ဆေးရုံးဆင်းခွင့်ပြု
Sep 16,2021
ဟားခါးမြို့တွင် ယနေ့ စက်တင်ဘာလ ၁၅ ရက်၌ ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၂ ဦးထပ်မံတွေ့ရှိပြီး ၁ ဦးသေဆုံးကာ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၄ ဦး ပြန်လည်ကျန်းမာလာ၍ ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉)ဦး ဆေးရုံဆင်းခွင့်ရသဖြင့် ဆေးရုံဆင်း သူပေါင်း ၂၀၇ ဦးအထိရှိလာ
Sep 16,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀ ဦး တွေ့ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ (၉)ဦးအား ဆေးရုံဆင်း ခွင့်ပြုခဲ့ရာ ယခုအခါ ဆေးရုံဆင်းသူပေါင်း ၂၀၇ ဦးအထိ ရှိလာကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကသာမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ထိုးနှံရာတွင် (၄၂၉၅)ဦးအထိ ထိုးနှံပေးပြီးဖြစ်
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် စက်တင်ဘာလ(၄)ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများအား ကသာမြို့ရှိ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ရာ စက်တင်ဘာလ(၁၄)ရက်နေ့တွင် စုစုပေါင်းလူဦးရေ(၄၂၉၅)ဦးအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကသာ ပြည်သူ့ဆေးရုံမှ ခရိုင်ဆရာဝန်ကြီးထံမှ သိရသည်။
ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိ
Sep 16,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သံသယလူနာ(၂၁)ဦးအား RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ(၂)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁)ဦး ထပ်မံစစ်ဆေး တွေ့ရှိကြောင်း ယမန်နေ့၊ ညနေ(၄:၀၀)နာရီအချိန်ခန့်က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံမှ သိရသည်။
မော်လိုက်မြို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လှူဒါန်း ငွေများပေးအပ်
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လှူဒါန်းငွေများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။