မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံခြင်းစတင်လက်ခံ

မော်လိုက် မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လျက်ခံရှိသည်။

ကျောင်းနေအရွယ်ကလေးအားလုံး အခမဲ့မသင်မနေရ ပညာရေးစနစ်ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်ပြည့်ပြီးကလေးသူငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိရန် မေလ ၂၅ ရက်မှ ၃၁ ရက် အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်ဆောင်ရွက်လျက်ရှိရာ မော်လိုက်မြို့ပေါ်ရှိ ကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောင်းလာရောက်အပ်နှံကြ‌ သောကျောင်းသား/ ကျောင်းသူများ ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထုတ်ပေးလျက်ရှိသည်။

မော်လိုက်မြို့နယ် ‌‌‌‌‌‌‌‌‌‌‌အနေဖြင့် အ.ထ.က(၂) ကျောင်း၊အ.လ.က (၁) ကျောင်း၊ အ.လ.က (ခွဲ) (၁) ကျောင်း၊ အ.မ.က (၉) ကျောင်း၊ ဘ.က (၁) ကျောင်း စုစုပေါင်း (၁၄) ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ပြီး ယနေ့မှစ၍ ကျောင်းများအသီးသီးတွင် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

ကိုထက် (ပြန်/ဆက်)