သတင်းများ

မင်္ဂလာဒုံမြို့နယ်၌ COVID Vaccine Pfizer JN 1 ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID Vaccine Pfizer JN 1 ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာက ဦးဆောင်၍  ကျန်းမာရေးဝန်ထမ်းများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်ရှင်နှင့် အလုပ်သမားများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
သုံးခွမြို့နယ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင် (၅၀၇) ပင်အား စုပေါင်းစိုက်ပျိုး
Jul 01,2025
သုံးခွမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အနောက်ကျေးရွာအုပ်စု၊ မြို့ရှောင်လမ်း​ မိုင်တိုင် ၄/၄၊ ၄/၅ ကြားတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပျိုးကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ “မြို့နယ်အမျိုးသမီးကော်မတီနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ” အစည်းအဝေးကျင်းပ
Jul 01,2025
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့‌‌နံနက် (၁၀:၀၀)နာရီအချိန်က “မြို့နယ်အမျိုးသမီးကော်မတီနှင့် မြို့နယ်ကလေးသူငယ်များအခွင့်အရေးဆိုင်ရာကော်မတီ” အစည်းအဝေးနှင့် အသိပညာ‌ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jul 01,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏတွင် ကျင်းပသည်။
တောင်ငူမြို့၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲဆောင်ရွက်
Jul 01,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ တောင်ငူခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 01,2025
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Center for Tourism Development – CTD)တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန် လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး
Jul 01,2025
မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန် လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲစဉ်ကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Jul 01,2025
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးစီးကျင်းပသော သတင်းမီဒီယာဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ အမှတ်(၂၇)ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။