မုံရွာ မေ ၂၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ၂၀၂၆-ခုနှစ် မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် နိုင်ငံတော်အစိုးရဝန်ကြီးဌာနက ကြေညာထားရှိပြီးဖြစ်ရာမုံရွာမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ အခြေခံပညာကျောင်းပေါင်း (၁၀၁) ကျောင်းတွင် ယမန်နေ့ နံနက် (၈) နာရီမှစတင်၍ ကျောင်းလက်ခံအပ်နှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ ထုတ်ပေးလျက်ရှိပြီး မုံရွာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ အထက်တန်းကျောင်း (၁၃) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၉) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၀) ကျောင်း၊ မူလတန်း (လွန်) ကျောင်း (၁၇) ကျောင်း၊ မူလတန်းကျောင်း (၅၀) ကျောင်း စုစုပေါင်းကျောင်း (၁၀၁) ကျောင်းအပြင် ကိုယ်ပိုင်ကျောင်း (၁၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၁၁) ကျောင်း ဖွင့်လှစ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)