ဆေးတက္ကသိုလ်-မန္တလေး၊ စာပေနှင့် အနုပညာအသင်း "အနုပညာပျိုးခင်း" နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Oct 23,2024
ဆေးတက္ကသိုလ်-မန္တလေး၊ စာပေနှင့် အနုပညာအသင်း၏ ပထမအကြိမ် "အနုပညာပျိုးခင်း" နံရံကပ်စာစောင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဆေးတက္ကသိုလ် ဆင်ဝင်အောက်တွင် ကျင်းပပြုလုပ်ရာ ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာမျိုးသက်တင်၊ စာပေနှင့် အနုပညာအသင်းဥက္ကဋ္ဌ၊ ဆေးဝါးဗေဒဌာန၊ ပါမောက္ခဌာနမှုး ဒေါက်တာနွယ်နွယ်သန်းနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ စာပေနှင့် အနုပညာအသင်းမှ တာဝန်ရှိသူများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။