သတင်းများ

ဆေးတက္ကသိုလ်-မန္တလေး၊ စာပေနှင့် အနုပညာအသင်း "အနုပညာပျိုးခင်း" နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Oct 23,2024
ဆေးတက္ကသိုလ်-မန္တလေး၊ စာပေနှင့် အနုပညာအသင်း၏ ပထမအကြိမ် "အနုပညာပျိုးခင်း" နံရံကပ်စာစောင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဆေးတက္ကသိုလ် ဆင်ဝင်အောက်တွင် ကျင်းပပြုလုပ်ရာ ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာမျိုးသက်တင်၊ စာပေနှင့် အနုပညာအသင်းဥက္ကဋ္ဌ၊ ဆေးဝါးဗေဒဌာန၊ ပါမောက္ခဌာနမှုး ဒေါက်တာနွယ်နွယ်သန်းနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ စာပေနှင့် အနုပညာအသင်းမှ တာဝန်ရှိသူများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
သရက်ချောင်းမြို့နယ်(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပ
Oct 23,2024
ကျောင်းသား/သူများ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community center)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပခဲ့သည်။
ပိုင်ကျုံမြို့ရှိ  ရော်ဘာစိုက်တောင်သူများ မိုးရာသီကုန်ဆုံးချိန်၌  ရော်ဘာစေးခြစ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Oct 23,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ခြံလုပ်ငန်း များဖြစ်သည့် ရော်ဘာစိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်၌ မြေပဲသီးနှံမျိုးဗီဇနှင့် ပတ်ဝန်းကျင်တို့၏ အပြန်အလှန်တုန့်ပြန်မှုကိုလေ့လာခြင်း စမ်းသပ်ကွက်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ
Oct 23,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ၊ ယမန်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ မကွေးမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မြေပဲသီးနှံမျိုးဗီဇနှင့်ပတ်ဝန်းကျင်တို့၏ အပြန်အလှန်တုန့်ပြန်မှုကိုလေ့လာခြင်း စမ်းသပ်ကွက်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
Oct 23,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ထူပါရုံလမ်း အရှည် - ၂၇၅၀ ပေ၊ အကျယ် - ၁၆ ပေအား ၁၈ ပေလမ်းသားချဲ့၍ အခြေခံအလွှာပြုပြင်ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိ ရာတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ထူပါရုံလမ်းနှင့် စစ်ကိုင်းမြို့အတွင်း နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းနေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။
ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံ ပဲမျိုးစုံ  ဧက ၁၉၀၀၀ ကျော် စိုက်ပျိုးရန်လျာထား
Oct 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းရာသီ၌ ပဲမျိုးစုံ ဧက ၁၉၀၀၀ ကျော် စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်ငူ၌ ရေဘေးကြောင့် မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ရေဘေးကြောင့်မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ခပေါင်းခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၂၅၅၇ ဧက လျာထား စိုက်ပျိုးမည်
Oct 23,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၂၅၅၇ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။